(အားကစား) ဒီဇင်ဘာ ၂
မြန်မာဘော်လုံးပုရိသတ်တွေရဲ့အချစ်တော် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက အားကစားသမား မေထက်လူဟာ ဆီးဂိမ်းပြိုင်ပွဲဝင်ဖို့ လာရောက်ပူးပေါင်းပြီလို့ သိရပါတယ်။

မြန်မာ့ လက်ရွေးစင်ဘောလုံးသမား မေထက်လူဟာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့က LAFC ကလပ်အသင်းမှာကစားနေပြီး ကျောင်းပညာရေးကိုလည်းမလင့်ဟင်းအောင်း ဆောင်ရွက်နေသူပါ။

ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းဟာ ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ရာ ညနေပိုင်းမှာ အသင်းတည်းခိုရာ ချွန်ဘူရီမြို့က Classic Kameo Hotel ကိုရောက်ရှိတယ်လို့ မြန်မာနိုင်ငံဘော်လုံးအဖွဲ့ကထုတ်ပြန်ပါတယ်။

တိုက်စစ်မှူး မေထက်လူကလည်း အမေရိကန်ကတစ်ဆင့် ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီး အသင်းနဲ့အတူ ပူးပေါင်းနေပြီလို့ ထုတ်ပြန်ထားပါတယ်။
#PAN