နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများ လိုအပ်

(ပြည်တွင်း) နိုဝင်ဘာ ၁၆

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်းအား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများ လိုအပ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖအျားအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ယာယီသမ္မတက နိုင်ငံရေးမောင်းနှင်အား ကောင်းမွန်မှသာ စီးပွားရေးမောင်းနှင်အား ကောင်းမွန် မည်ဖြစ်ပြီး စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာ ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှုက နိုင်ငံတစ်ခုအတွက် မဖြစ်မနေ အရေးကြီးသည့်ကဏ္ဍမှ ပါဝင်သဖြင့် စီးပွားရေး အားကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကရင်ပြည်နယ်အတွင်း လယ်ယာမြေအများစု၌ ရေများဖုံးလွှမ်းလျက်ရှိသည်ကို တွေ့ရ ကြောင်း၊ ထိုသို့ ရေများဖုံးလွှမ်းလျက်ရှိခြင်းကြောင့် ဆောင်းသီးနှံများ အချိန်မီ စိုက်ပျိုးရန်အတွက် အခက်အခဲ ရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ရေဖုံးလွှမ်းမှုများ လျော့နည်းစေရေးအတွက် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ပုစွန်မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင် သဖြင့် ပိုမိုတိုးချဲ့ ဆောင်ရွက်သွားမည်ဆိုပါက ဒေသအကျိုးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အလားတူ ဒေသအတွက်လိုအပ်သည့် အသား၊ ငါးနှင့် ဥများ ထုတ်လုပ်မှု တိုးတက်စေရေး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ထိုက်သင့်သည့် အသား၊ ငါးဈေးနှုန်းများဖြစ်လာမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

#PAN