နစ်နာကြေးအဖြစ် ဒေါ်လာ ၅ ဘီလီယံ ရလိုမှုဖြင့် ထရမ့် က ဘီဘီစီကို တရားစွဲသွားမည်ဟုဆို

(နိုင်ငံတကာ) နိုဝင်ဘာ ၁၆

ဘီဘီစီသတင်းဌာနအနေဖြင့် ထရမ့် ၏ မိန့်ခွန်းပြောဆိုမှုကို ပြည်သူလူထုအထင် အမြင်လွဲမှားစေမည့် ဗီဒီယိုတစ်ပုဒ်အဖြစ် သင့်လျော်မှုမရှိစွာ တည်းဖြတ်ထုတ်လွှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ နစ်နာကြေးအဖြစ် အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ရလိုမှုဖြင့် ဘီဘီစီသတင်းဌာနကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ကြောင်း သိရသည်။

ဘီဘီစီသတင်းဌာနသည် ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အကြီးတန်းတာဝန်ရှိသူများကို ရာထူးမှဖယ်ရှားပြီး ဖြစ်ကာ ထရမ့် ကို တောင်းပန်ထားသော်လည်း ထရမ့် တောင်းဆိုသည့် နစ်နာကြေးပေးရန်ကိုမူ ငြင်းဆိုထားကြောင်း သိရသည်။

ထို့ကြောင့် ဘီဘီစီသတင်းဌာနသည် ၎င်းတို့အနေဖြင့် မမှန်မကန်လုပ်ထားသည်ကို ဝန်ခံထားသောကြောင့် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထရမ့် ကပြောခြင်းဖြစ်ကြောင်း သိရသည်။

#PAN