(ပြည်တွင်း) အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်ဟာ မကြာခင်ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကနေ ပါဝင်အရွေးချယ်ခံသွားမယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် မဲအများဆုံးရရှိသူအနိုင်ယူစနစ် အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်ဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ဇာတိလည်း ဖြစ်ပါတယ်။
၁၉၆၈ ခုနှစ်ဖွား အသက် ၆၇ နှစ်သာရှိသေးတဲ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်ဟာ ဗမာလူမျိုးတစ်လည်းဖြစ်သလို B.E(Civil) ဘွဲ့ရရှိထားတဲ့ အင်ဂျင်နီယာတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်ကနေ တိုင်းဒေသကြီးဝန်ကြီချုပ်အဖြစ် စတင်တာဝန်ပေးခံရတဲ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်ရဲ့မဲစာရင်းဟာ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်မှာပါဝင်နေတယ်လို့လည်း သိရပါတယ်။