နောက်ခံလူ ကက်ရှ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးလိုက်တဲ့ ဗီလာအသင်း

(အားကစား) အောက်တိုဘာ ၂၉

အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ နောက်ခံလူ မတ်တီကက်ရှ် ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကက်ရှ် ဟာ ဗီလာအသင်းနဲ့ သုံးနှစ်ခွဲသက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်။ ပိုလန်လက်ရွေးစင် ကက်ရှ် ရဲ့မူလစာချုပ်ဟာ ၂၀၂၇ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကက်ရှ် ဟာ ၂၀၂၀ ပြည့်နှစ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ဗီလာအသင်းထံ ရောက်ရှိလာပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၉၃ ပွဲ ကစားထားပါတယ်။ ကက်ရှ်အနေနဲ့ မန်စီးတီးပွဲက အခုရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဆော်ဒီနိုင်ငံက ဒီကွင်းသစ်ကို ၂၀၂၇ ခုနှစ်မှာ စတင်ဆောက်လုပ်သွားမှာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ၂ နှစ်အလိုဖြစ်တဲ့ ၂၀၃၂ ခုနှစ်မှာ ပြီးစီးဖို့ လျာထားကြောင်း သိရပါတယ်။

#PAN