(ပြည်တွင်း) အောက်တိုဘာ ၂၇

မန္တလေးမြို့ပေါ် ၆ မြို့နယ်တွင် မီးပွိုင့်စုစုပေါင်း ၁၃၀ တပ်ဆင်ထားတဲ့အနက် မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာ ပထမဆုံးတပ်ဆင်အသုံးပြုတဲ့ SCAT Controller မီးပွိုင့်အမျိုးအစား ကို ၆၅ ခုအထိ တပ်ဆင်အသုံးပြုလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သိရပါတယ်။
အဆိုပါ မီးပွိုင့်စနစ်ကို နိုင်ငံပေါင်း ၁၆၈ နိုင်ငံမှာ အသုံးပြုနေပြီး မြန်မာနိုင်ငံ မန္တလေးမြို့တွင် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်ကစတင်ကာ ပထမဆုံးအသုံးပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါမီးပွိုင့်များတွင် ဆိုလာစနစ်သုံး မီးပွိုင့်များ ပါဝင်သလို ရိုးရိုး LED မီးပွိုင့်အသစ်များကိုလည်း တိုးချဲ့၍ တပ်ဆင်အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။
မန္တလေးမြို့တော်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောကျပ်တည်းမှု လျှော့ချနိုင်ရေးအတွက် SCATS အမျိုးအစားမီးပွိုင့် ၆၅ ခု၊ Individual Loop Sensor မီးပွိုင့် ၂၅ ခု၊ ရိုးရိုး Timer သုံး LED မီးပွိုင့် ၃၂ ခု စုစုပေါင်း ၁၂၂ ခု တပ်ဆင်အသုံးပြုလျက်ရှိတဲ့အပြင် မီးပွိုင့်များနှင့်လိုအပ်သောနေရာများမှာ CCTV များတပ်ဆင်ကာ ယာဉ်အသွား အလာများကို မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။