(မှုခင်း) အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အခန့်က ဘိန်းဖြူများနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိခဲံတယ်လို့ သိရပါတယ်။
ဖြစ်စဉ်တွင် အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် နေဇင်လတ်၊ ၄၈ နှစ်၊ ရပ်ကွက်ကြီး(၈)၊ ပြင်ဦးလွင်မြို့နယ်နေသူ မောင်းနှင်လာသော MITSUBISHI OUTLANDER အမျိုးအစား မော်တော်ယာဉ်အား သက်ဆိုင်ရာတာဝန်မရှိသူများမှ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေ ကျပ် ၁,၄၈၅ သိန်း)နှင့် ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ၂၀ တောင့်၊ ကျည်အိမ် နှစ်ခု၊ လက်ပစ်ဗုံး နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဖမ်းဆီးရမိ ဘိန်းဖြူများအား သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်း ပါဝင်သူ ရဲကျော်(ခ)ကိုရဲ၊ ၃၂ နှစ်၊ မဲကင်းကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား ချမ်းအေးသာစံမြို့နယ်၊ စမွန်းရပ်ကွက်၊ ၃၄ လမ်း နှင့် ၈၇ လမ်းထောင့်တွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် နေဇင်လတ်နှင့် ရဲကျော်(ခ)ကိုရဲတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။