နေပြည်တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယာယီသမ္မတ ကြည့်ရှုစစ်ဆေး

(ပြည်တွင်း) အောက်တိုဘာ ၂၇

မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အောက်တိုဘာလ ၂၆ ရက်နံနက်ပိုင်းမှာ နေပြည်တော်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တည်ဆောက်နေမှုနှင့် ပျဉ်းမနား-တောင်ညို ၈ လမ်းသွား လမ်းဖောက်လုပ်နေမှု၊ ထိခိုက်ပျက်စီးခဲ့မှု ပြုပြင်ဆောင် ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ရင်ပြင် နှင့် ဖျော်ဖြေရေးရင်ပြင်အတွင်း မြန်မာ့ရိုးရာပွဲတော်များ၊ အခမ်းအနားများကျင်းပနိုင်ရေး ဆောင်ရွက်ရန်၊ မြန်မာ့ သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့် သက်ဆိုင်တဲ့ အထိမ်းအမှတ်ရုပ်တုများကို ထည့်သွင်းတည်ဆောက်နိုင်ရေးဒီဇိုင်းရေးဆွဲရန်၊ ဗိုလ်ရှုခံစင်မြင့်နှင့် စင်မြင့် မျက်နှာစာနေရာတို့ကို အဆင့်မြှင့်တင်နိုင်ရေး ဆန်းစစ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ လွှတ်တော်ဝန်းအတွင်းရှိ လွှတ်တော်အဝင် အမှတ်(၁)တံတား၊ မုခ်ဦးဆောင်ပြုပြင်ပြီးစီးမှု၊ ပြည်ထောင်စု လွှတ်တော်အဆောက်အဦပြုပြင်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက တံတားတစ်စင်းတွင် ခန်းဖွင့် ၅ ခုပါဝင်ပြီး ခန်းဖွင့် ၁ ခုကို အလေးချိန် ၁,၅၀၀ တန်ခန့် ရှိ၍ တံတားတစ်စင်းလုံး၏ စုစုပေါင်းအလေးချိန် ၇,၅၀၀ တန်ခန့်ကို 3D Synchronise jack အသုံးပြုတဲ့ ခေတ်မီ နည်းပညာနဲ့ ပင့်တင်ကာပြုပြင်ခဲ့မှုနှင့် လုပ်ငန်းဆောင် ရွက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် ယာယီ သမ္မတမှ ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရာဇသင်္ဂဟလမ်းပေါ် နေပြည်တော်မြို့ အဝင်မုခ်ဦးတည်ဆောက်ရန်လျာထားနေရာ၊ ရာဇသင်္ဂဟ လမ်းမကြီးမှ နေပြည်တော်လေဆိပ်လမ်း၊ ရန်ကုန်-မန္တလေးလမ်း ဟောင်းနှင့် နေပြည်တော်အတွင်းတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ဗိုလ်ရှုခံစင်မြင့်နေရာ၌ ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက်စနစ်တကျဆောင်ရွက်ရန်၊ ရေရှည်တည် တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်ရန်၊ အမြင်အားဖြင့် ကောင်းမွန်ရုံမဟုတ်ဘဲ ခိုင်ခိုင်ခံ့ခံ့ ဖြစ်စေရေး ပြုပြင်ဆောင်ရွက်ရန်၊ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည် ပြုပြင်တည်ဆောက်မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စနစ်တကျမှတ်တမ်းထားရှိရန်တို့ကို မှာကြားခဲ့ပြီးနောက် လွှတ်တော်ဝန်းအတွင်း အဆောက် အဦများနှင့် လမ်းတံတားများပြန်လည်ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

PAN