ဒက္ခိဏသီရိမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး

(မှုခင်း) အောက်တိုဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ အောက်တိုဘာ ၂၅ ရက်နေ့က ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ မြောက်ကျောင်းစုကျေးရွာအနီး၌ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး သွားကြောင်း သတင်းအရ အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ ကျားကူး(အရှေ့)ရွာနေ နေဝင်းအောင်၊ ၃၆ နှစ်သည် ညောင်ကုန်း-ရွာမ ကျေးရွာချင်းဆက်လမ်းမပေါ်၌ တစ်ဦးတည်း ဆိုင်ကယ် မောင်းနှင်လာစဉ် မြောက်ကျောင်းစုကျေးရွာအနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ လဲကျတိမ်းမှောက်သွားခဲ့သဖြင့် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် နေဝင်းအောင်အား ဧည့်ဂေဟာနယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

PAN