တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ကုန်တင်ကားနှင့်တွဲကားများ သွားလာခွင့် မပြု

(ပြည်တွင်း) အောက်တိုဘာ ၂၇

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှောင်ရှားနိုင်ရန် ရည်ရွယ်၍ ကုန်တင်ကားနှင့်တွဲကားများ သွားလာခွင့်ကို ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရပါတယ်။

တန်ဆောင်တိုင်ပွဲတော်ကာလဖြစ်တဲ့ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အတွင်း ည (၄)နာရီမှ နောက်တစ်နေ့မနက် (၄) နာရီအထိ ကုန်တင်ကားနှင့် တွဲကားများ မြိုတွင်းသို့ဝင်ထွက်ခွင့်ကို ပိတ်ထားမှာဖြစ်ပါတယ်။

လက်ရှိတွင် တောင်ကြီးမြို့ပေါ်၌ တန်ဆောင်တိုင်ပွဲတော်အတွက် ပြင်ဆင်နေကြပြီဖြစ်ရာ ရိုးရာမီးပုံးပျံပြိုင်ပွဲ ပွဲစဉ်ဇယားလည်း ထွက်ရှိထားပြီဖြစ်ပါတယ်။

နေ့လွှတ်မီးပုံပျံများတွင် ပြိုင်ပွဲဝင်အရေအတွက်များတာကြောင့် ရှေ့ကို နှစ်ရက်တိုးပြီး အောက်တိုဘာလ ၂၇ ရက်မှ စတင်မှာဖြစ်ပြီး ပုံမှန်ညလွှတ်နဲ့ ဖွင့်ပွဲအစီအစဉ်ကတော့ ပြောင်းလဲမှု မရှိကြောင်း သိရပါတယ်။