ဆော့ဝဲလ်ဖြင့် အလင်းရောင်ကို အလိုအလျောက်ပြောင်းလဲနိုင်တဲ့ OPPLE SDL နည်းပညာသစ်မိတ်ဆက်

(နည်းပညာ) အောက်တိုဘာ ၂၇

OPPLE Lighting မှ‎ သဘာဝနှင့်အနီးစပ်ဆုံးတူညီနိုင်မည့်အလင်းရောင်ကို ဆော့ဝဲလ်ဖြင့်ပြောင်းလဲပြီး ပြင်ပ အလင်းရောင်နှင့်အညီ အဆောက်အအုံအတွင်းအလင်းရောင်ကို အလိုအလျောက်ပြောင်းလဲနိုင်တဲ့ OPPLE SDL (Software Defined Lighting) နည်းပညာသစ်ကို မြန်မာနိုင်ငံမှာမိတ်ဆက်ပြသခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နည်းပညာသစ်ကို OPPLE Lighting မှ ပညာရှင် ၁၀၀ ကျော်က နည်းပညာသစ်မူပိုင်ခွင့် ၁၈၃ ခုကို ၃ နှစ်ကျော် သုတေသနပြုလုပ် တီထွင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၄ ခုနှစ် ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာနည်းပညာပြပွဲ၌မိတ်ဆက်ပြီး လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ယင်း OPPLE SDL Smart Lighting ကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် မန္တလေးမြို့ရှိ Mingalar Tower Residence Project : New Star Light Construction ၌တပ်ဆင်အသုံးပြုထားတယ်လို့ သိရပါတယ်။

PAN