
(မှု့ခင်း) အောက်တိုဘာ ၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၅၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံ အကြား၌ အောက်တိုဘာ ၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဝေါမြို့နယ်၊ သစ်စက်ရပ်ကွက်နေ ဝင်းနိုင်၊ ၅၄ နှစ် မောင်းနှင်လာသည့် YGN-36 71-XXXX DAIHATSU HIJET မော်တော်ယာဉ်သည် သထုံမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာစဉ် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၅၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံ အကြား နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ထန်းပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဝင်းနိုင် အပါ အမျိုးသား သုံး ဦး၊ အမျိုးသမီး ခြောက် ဦးနှင့် ကလေးငယ် တစ် ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ သောကြောင့် ဝင်းနိုင်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN