(မှုခင်း) အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ကန်ပြားကျေးရွာလမ်းဆုံအနီးတွင်“လင်းသစ်” ခရီးသည်တင်မော်တော်ယာဉ်အား အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်တွင် မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်နေသူ ဦးညွန့်လှိုင်ဝင်း၊ ၅၈ နှစ် မောင်းနှင်ပြီး ခရီးသည် သုံးဦးတို့ လိုက်ပါလာသည့် “လင်းသစ်” ခရီးသည်တင် မော်တော်ယာဉ် အား မြင်းမူမြို့နယ်၊ ကန်ပြားကျေးရွာလမ်းဆုံအနီးအရောက် အကြမ်းဖက် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ဦးညွန့်လှိုင်ဝင်းတွင် ဝဲဘက်နားထင် မိုင်းပေါက်ကွဲစ ဖောက်ဝင်ဒဏ်ရာရရှိကာ သေဆုံးသွားပြီး ယာဉ်ပေါ်ပါ ခရီးသည်သုံးဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိဘူးလို့ သိရပါတယ်။
အဆိုပါ နေရာအနီးမှ လက်လုပ်မိုင်းခြောက်လုံး၊ ဆိုင်ကယ်ဘက်ထရီအိုးသုံးလုံး၊ ဆော့ကတ်တစ်ခု၊ ဓာတ်ခဲနှစ်လုံး၊ အရှည် ၅၀ မီတာခန့်ရှိ ဝိုင်ယာကြိုးတစ်ချောင်းနှင့် နိုင်လွန်ကြိုးတစ်ချောင်းတို့ကို ထပ်မံတွေ့ရှိသေကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရပြီး၊ အစွန်းရောက်လက်နက်ကိုင်အကြမ်းဖက်သမားများသည် စစ်ရေးနှင့် မသက်ဆိုင်သော အေးချမ်းစွာသွားလာလျက်ရှိသည့် ရေယာဉ်များ၊ ကုန်တင်ကားများ၊ ခရီးသည်တင် ယာဉ်များနှင့် အရပ်ဖက်ယာဉ်များကို နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများနှင့် ဖမ်းဆီးခြိမ်းခြောက်၍ ဆက်ကြေးငွေတောင်းခံခြင်း၊ လုယက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
#PAN