
(မှု့ခင်း) အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကားတစီး မှ ဆိုင်ကယ်တစ်စီးအား တိုက်မိပြီး မောင်းနှင်ထွက်ပြေးရာမှ ဆက်တိုက်ဆင့်ကာ ယာဉ်တိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် အောက်တိုဘာ ၅ ရက်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကားတစီးမှ ဆိုင်ကယ်တစ်စီးအား ဝင်ရောက်တိုက်မိပြီး မောင်းပြေးရာမှ လမ်းပေါ်ရှိ အခြားဆိုင်ကယ်များ၊ ကားများနှင့် လမ်းဘေးဆိုင်များကိုပါ ဆက်တိုက်ဆင့်ကာ တိုက်မိသည့်အတွက် လူ ၅ ဦးခန့် သေဆုံးသွားကြောင် သိရသည်။၊

အဆိုပါကားပေါ်မှ ယာဉ်တိုက်မှုကျူးလွန်သူ နှစ်ဦးတို့အား “ရွှေတာချီ”အငှားယာဉ်အသင်းသားများက “ရှမ်းရိုးမ”ကွင်းအနီးရှိ “တစ်ခိုင်လုံးရွှေ” ဆိုင်ရှေ့အရောက်တွင် ဝိုင်းဝန်းဖမ်းဆီးပေးနိုင်ခဲ့ကြောင်းသိရပြီး၊ ၎င်းကားပေါ်မှ ယာဉ်မောင်းသူနှင့် အတူပါလာသူတစ်ဦးတို့မှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း ကနဦးသတင်းရရှိသည်။


#PAN