(ပြည်တွင်း)စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်ရင်ပြင်တော်မှာ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှာ ဆီမီး ၃,၀၀၀ ထွန်းညှိပူဇော်ကြမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေစည်းခုံစေတီတော်၏ သီတင်းကျွတ်မီးထွန်းပွဲမှာ စတုဒီသာကုသိုလ်အဖြစ် သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နှင့် ၆ ရက်များမှာ စတုဒီသာထမင်းဟင်းများ ကုသိုလ်ပြုကျွေးမွေးမှာ ဖြစ်ပါတယ်။
ထမင်းဟင်း ကျွေးမွေးမည့် စတုဒီသာအလှူကို ရွှေစည်းခုံစေတီအရှေ့ဘက် ရင်ပြင်စတုဒီသာမဏ္ဍပ်တွင် နံနက် ၇ နာရီ မှစတင် ကြွရောက်သုံးဆောင်ကြရန် ဂေါပကအဖွဲ့က ဖိတ်ကြားထားပါတယ်။
စတုဒီသာအလှူက ဆန် ၅ တင်းချက်ဖြစ်ပြီး တစ်ရက် ကျပ်သိန်း ၅၀ ကုန်ကျမည်ဖြစ်ကာ သီတင်းကျွတ် လပြည့်ကျော် ၅ ရက်မှာ မောင်းထောင်ကျောင်းဆရာတော်ကြီး ဦးသုစိတ္တ ကိုရည်မှန်းပြီး တပည့်များ၊ ဆွေတော် မျိုးတော်များက ကုသိုလ်ပြုထားခြင်းဖြစ်ပါတယ်။
လပြည့်ကျော် ၆ ရက်မှာ မုံရွာမြို့၊ စျေးလမ်း၊ ခိုဖြူ+ခိုပြာသံဆိုင် ဦးခင်မောင် နှင့် ဒေါ်မြစိန် မိသားစုက စတုဒီသာကုသိုလ်ပြုထားခြင်း ဖြစ်ပါတယ်။
တစ်ရက်ကို ကျပ်သိန်း ၅၀ ကုန်ကျတဲ့ စတုဒီသာအလှူကုသိုလ်ပြုလို သူများအနေနဲ့ ရွှေစည်းခုံဂေါပကအဖွဲ့ဝင် ဦးအောင်သန်း တယ်လီဖုန်းနံပါတ် ၀၉-၂၁၃၀၆၇၀ ထံ ဆက်သွယ် ကုသိုလ်ပြုနိုင်ကြကြောင်း အသိပေးနှိုးဆော်ထားပါတယ်။
#PAN