ဂျပန်အာဏာရ LDP ပါတီ ရဲ့ ခေါင်းဆောင်အဖြစ် ဆာနာအီတာကာအီချီ ရွေးချယ်”

(နိုင်ငံတကာ) အောက်တိုဘာ ၅

ဂျပန်နိုင်ငံ၏ အာဏာရပါတီဖြစ်သော ILDP ပါတီ၏ခေါင်းဆောင်အဖြစ် ဆာနာအီ တာကာအီချီ က ရွေးကောက်ခံရကြောင်း သိရသည်။

ပါတီခေါင်းဆောင်ရွေးကောက်ပွဲကို အောက်တိုဘာလ ၄ ရက်တွင်ကျင်းပခြင်း ဖြစ်သည်။

ဆာနာအီ တာကာအီချီ သည် စီးပွားရေးဖူလုံရေးဝန်ကြီးဟောင်းဖြစ်ပြီး ယခုကဲ့သို့ ပါတီခေါင်းဆောင်နေရာကို ရရှိလာသည့်အတွက် နိုင်ငံ၏ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

ပါတီခေါင်းဆောင် ရွေးကောက်ပွဲပထမအကျော့တွင် LDP ပါတီလွှတ်တော်အမတ် ၂၉၅ ဦးနှင့် သာမန်ပါတီဝင် ၂၉၅ ဦးတို့က မဲထည့်ရာ ဆာနာအီတာကာအီချီ အနေဖြင့် ထောက်ခံမဲ ၁၈၃ မဲရရှိခဲ့သည်။

၎င်း၏ ပြိုင်ဘက် စိုက်ပျိုးရေးဝန်ကြီးက ၁၆၄ မဲ ရရှိသည်။

ထို့အတွက်ကြောင့် ထပ်မံမဲပေးမှုလုပ်ဆောင်ရာ ဆာနာအီတာကာအီချီ က မဲအရေအတွက် ၁၈၅ မဲဖြင့် အနိုင်ရရှိခြင်း ဖြစ်သည်။

ဆာနာအီတာကာအီချီ သည် ၂၀၂၁ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်တို့တွင်လည်း ပါတီဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက် အရွေးခံခဲ့သော်လည်း ယခုတစ်ကြိမ်မှသာ အနိုင်ရရှိခြင်းဖြစ်ကြောင်းသိရသည်။

#PAN