အမေရိကန်က ယူကရိန်းသို့ တိုမာဟော့ဒုံးကျည်များပေးပို့ရန်မဖြစ်နိုင်

(နိုင်ငံတကာ) အောက်တိုဘာ ၄

အမေရိကန်နိုင်ငံက တိုမာဟော့ဒုံးကျည် အမြောက်အမြားပိုင်ဆိုင်ထားသော်လည်း ထိုဒုံးကျည်များကို ယူကရိန်းနိုင်ငံသို့ ပေးပို့ရန်မဖြစ်နိုင်ကြောင်း သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ယူကရိန်းသမ္မတသည် အမေရိကန်သမ္မတနှင့်တွေ့ဆုံစဉ် အဆိုပါဒုံးကျည်များကို တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမေရိကန်အစိုးရက ထိုကိစ္စကို စဉ်းစားနေသည်ဟု အမေရိကန်ဒုတိယ သမ္မတဂျေဒီဗန့် က ပြောပြီးနောက် သတင်းဌာနက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

ကီလိုမီတာ ၂၅၀၀ အထိ ပျံသန်းနိုင်စွမ်းရှိသော ထိုဒုံးကျည်တစ်စင်းက ဒေါ်လာ ၁ ဒသမ ၃ သန်းတန်ဖိုးရှိကာ အမေရိကန်ရေတပ်နှင့် အခြားတပ်ဖွဲ့များအတွက်သာ အသုံးပြုခွင့်ပေးထားသောကြောင့် ယင်းဒုံးကျည်ကို လက်တွေ့ အသုံးပြုရန် အခက်အခဲရှိမည်ဖြစ်သည့်အတွက် ယူကရိန်းသို့ ပေးပို့နိုင်ခြေမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။