(ပြည်တွင်း) အောက်တိုဘာ ၃ ရက်


သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာ နိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက နေပြည်တော်-ရန်ကုန်-နေပြည်တော် ခရီးစဉ်အား DEMU (ဂျပန်)တွဲဆိုင်း အထူးရထားများကို တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်တွင် DEMU ရထားများအား ယခင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များ၌ DEMU(ဂျပန်) (၆)တွဲပါ တွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေရာမှ သီတင်းကျွတ်ကာလ ပိတ်ရက် များအတွင်း ခရီးသည်များ စီးနင်းမှုများပြားလာတဲ့အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် DEMU ရထားများအား DEMU(စပိန်) (၈)တွဲပါ တွဲဆိုင်းများဖြင့် ပြောင်းလဲပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်-ပြည်-ရန်ကုန် နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများဖြင့် တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
ခရီးသွားပြည်သူများအား အထက်တန်းလက်မှတ်များကို (၃)ရက် ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို (၁)ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားလက်မှတ်ခနှုန်းထား နှင့် ရပ်တန့်မည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့် ရထားများအတိုင်း ဖြစ်ကြောင်း သိရပါတယ်။