(အားကစား) အောက်တိုဘာ ၄
ONE Championship မှာ စုစုပေါင်း ပွဲ ၂၀ ထိုးသတ်ခဲ့ပြီး ၁၅ ပွဲနိုင်၊ ၅ ပွဲရှုံးရလာဒ်ရှိခဲ့တဲ့ အောင်လအန်ဆန်ဟာ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် ဒီနေ့ အောက်တိုဘာလ ၄ ရက်နေ့မှာ ထိုးသတ်ခဲ့ပါတယ်။
ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲမှာ ဆွီဒင်နိုင်ငံသား ဇီဘက်တီယန်ကာဒက်စတမ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူခဲ့ပါတယ်။
သူ့ရဲ့နောက်ဆုံးပွဲအခုပွဲကို ONE Fight Night 36 ရဲ့ ဒုတိယခေါင်ပွဲ မစ်ဒယ်ဝိတ်တန်း MMAပွဲစဉ်အဖြစ် အောက်တိုဘာလ ၄ ရက်မနက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Lumpinee Stadium မှာ ပြုလုပ်ခဲ့တာပါ။
အဲ့ဒီပွဲကိုတော့ မြန်မာ့အဆိုတော် လေဖြူကိုယ်တိုင်သွားရောက်သီဆိုဂုဏ်ပြုခဲသလို မြန်မာပရိသတ်ထောင်ပေါင်းများစွာကလည်း လာရောက်ကြည့်ရှု့ခဲ့ကြတယ်လို့ သိရပါတယ်။

ပွဲအပြီးမှာတော့ သူ့ရဲ့ပွဲစဥ်ကိုလာရောက်အားပေးတဲ့မြန်မာပရိသတ်အားလုံးကိုကျေးဇူးတင်တယ်လို့ အားပေးနှုတ်ဆက်ကာ သူ့ရဲ့ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီပဲဖြစ်ပါတယ်။
#PAN