
(အားကစား) အောက်တိုဘာ ၃
အာဆင်နယ်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆာကာ ဟာ ကလပ်အသင်းမှာ တစ်ပတ်ပေါင် ၃၀၀,၀၀၀ ရရှိတဲ့ ပထမဆုံးကစားသမား ဖြစ်လာဖွယ်ရှိကြောင်း သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် ဆာကာ ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ အာဆင်နယ်အသင်းက သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုဖို့စီစဉ်နေပြီး လစာနှုန်းထားကို တစ်ပတ်ပေါင် ၃၀၀,၀၀၀ အထိ တိုးမြှင့်ပေးသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဆာကာ ဟာ လက်ရှိအချိန်မှာ တစ်ပတ်ပေါင် ၁၉၅,၀၀၀ သာ ရရှိနေသူဖြစ်ပြီး လက်ရှိအချိန်မှာ အာဆင်နယ် အသင်းရဲ့ လစာအများဆုံးကစားသမားက တစ်ပတ်ပေါင် ၂၈၀,၀၀၀ ရရှိနေတဲ့ ဟာဗက်ဇ် ဖြစ်ပါတယ်။
အာဆင်နယ်အသင်းတာဝန်ရှိသူတွေက ဆာကာ ကို အသင်းရဲ့ ပထမဆုံးလစာအများဆုံးကစားသမား ဖြစ်စေနိုင်တဲ့ တစ်ပတ်ပေါင် ၃ သိန်းရတဲ့အထိ လစာတိုးမြှင့်ပေးသွားဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။
#PAN