အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပမည့် သီတင်းကျွတ်ပွဲတော်တွင် ဒေသထွက်ပစ္စည်းများ ဝယ်ယူနိုင်ရန် Night Bazaar ထည့်သွင်းမည်

(ပြည်တွင်း) အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၌ မီးရောင်စုံများဖြင့် အလှဆင်၍ သီတင်းကျွတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး ဒေသထွက်ပစ္စည်းများ ဝယ်ယူနိုင် ရန် Night Bazaar ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ပွဲတော်ကို အောက်တိုဘာလ ၃ ရက်မှ ၇ ရက်အထိ နေ့စဉ် မွန်းလွဲ ၂ နာရီမှ ည ၉ နာရီအထိ နိုင်ငံကျော် တေးသံရှင်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်သွားမှာဖြစ်ပါတယ်။

နိုင်ငံကျော်အဆိုတော်များဖြစ်တဲ့ ဟဲလေး၊ ထွန်းထွန်း၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့ နှင့် ပြင်ဦးလွင်မြို့မှ တေးသံရှင်များအပြင် DJ ပညာရှင်များလည်း ပါဝင် ဖျော်ဖြေတင်ဆက်သွားမှာဖြစ်လို့ ရပ်ဝေးရပ်နီးဒေသရှိပြည်သူများ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရပါတယ်။

#PAN