ရှမ်းခေါက်ဆွဲစားနေသည့် အမျိုးသမီးတစ်ဦး ဓားထိုးခံရ

(မှုခင်း) အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး ၊ပုသိမ်ကြီးမြို့နယ်၊ဆည်တော်လေးကျေးရွာအုပ်စု၊ဂိုက်တန်း ကျေးရွာ၌ ယနေ့မွန်းလွဲ၃နာရီအချိန်က ရှမ်းခေါက်ဆွဲစားနေသည့် အမျိုးသမီး တစ်ဦး အသတ်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဂိုက်တန်းကျေးရွာရှိ ကိုအောင်ကြီး ရှမ်းခေါက်ဆွဲဆိုင်တွင် ရှမ်းခေါက်ဆွဲစားနေသော မနေခြည်ဦး၊၃၈နှစ်၊(ဘ)ဦးမောင်ထွေး၊ဂိုက်တန်းကျေးရွာ၊ပုသိမ်ကြီး မြို့နယ်နေသူအား တစ်ရွာတည်းနေ ထက်အောင်ကျော်(ခ)တရုတ်ကြီး၊၄၀နှစ်၊(ဘ)ဦးသိန်းတန်မှ မျက်နှာချင်းဆိုင် ရောက်ရှိလာကာ ၎င်းကိုင်ဆောင်လာသည့် အရိုးအသွား ၁၂လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားထိုးခံရမှုကြောင့် မနေခြည်ဦးတွင် ယာ-ပါးရှပ်ထိဒဏ်ရာ ၁ချက်၊ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ချက်တို့ရရှိပြီး အခင်းဖြစ်နေရာတွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ထက်အောင်ကျော်(ခ) တရုတ်ကြီးမှာ ၎င်းကိုင်ဆောင်လာသော ဓားနှင့်အတူ ထွက်ပြေးတိမ်း ရှောင်သွားကြောင်း၊ ထွက်ပြေးတိမ်းရှောင် သွားသည် တရားခံ ထက်အောင်ကျော်(ခ)တရုတ်ကြီးအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာတာဝန်ရှိသူ များမှ လိုက်လံစုံစမ်း လျက်ရှိကြောင်း သိရသည်။