ရွှေဘိုမြို့မှာ PDF ရှော့တိုက်ဒုံးကြောင့် ကိုရင် ၃ ပါးပျံလွန်တော်မူပြီး ၈ ပါး ဗုံးစထိမှန်ဒဏ်ရာရ


(မှုခင်း) အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်မှာ PDF တွေက လျှော့တိုက်ဒုံးပစ်ခတ်မှုကြောင့် သာမဏေကိုရင် (၃) ပါး ပျံလွန်တော်မူ၍ သာမဏေကိုရင် (၈) ပါး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေဘိုမြို့နယ် ချီပါ(တောင်)ရွာအနီးကနေ PDF အကြမ်းဖက်သမားတွေက အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းမှာ ရွှေဘိုမြို့အတွင်းကို ရှေ့တိုက်ဒုံးပစ်ခတ်ခဲ့ရာ အောင်မြေ ဘုန်းတော်ကြီးကျောင်း ဝင်းမှာရှိတဲ့ ချမ်းမြေ့ကျောင်းတိုက်အတွင်းကို ကျရောက် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

လျော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းမှာ စာသင်စာချပြုလုပ်နေတဲ့ သံဃာတော်တွေဖြစ်တဲ့ သက်တော် ၁၂ နှစ် နဲ့ ၁၃ နှစ်အရွယ် သာမဏေကိုရင် ၃ ပါး
ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဗုံးစထိမှန် ထိခိုက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရရှိခဲ့တဲ့ ကိုရင်ငယ်တွေကို ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံကိုပို့ဆောင်ကာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

PAN