
(မှုခင်း)အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံမြို့နယ်တွင် အကြမ်းဖက်ခေါင်းဆောင်ဆရာကျောင်းအား ခေါင်ရိုက်ခွဲပြီး ထွက်ပြေးလာသည့် PDFအဖွဲ့ဝင်တစ်ဦး ဖမ်းမိကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက် ညနေ၄နာရီအချိန်ခန့်က ညောင်ကွဲရပ်ကွက် အကွက်(၄၁၅/N1)၊၉ လမ်း၊၈၆×၈၇ လမ်းကြား၌ အကြမ်းဖက် PDF တစ်ဦး ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ သက်ဆိုင် ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်ဖမ်းဆီးခဲ့ရာ ညောင်ကွဲရပ်ကွက်၊အကွက်(၄၁၅/N1)၊၉ လမ်း၊၈၆×၈၇ လမ်းကြားရှိ ဒေါ်ထားထားကြည်၏နေအိမ်တွင် ချမ်းသူအောင်၊၂၁နှစ်၊(ဘ)ဦးငြိမ်းချမ်း၊မြွေပုံကန်ကျေးရွာအုပ်စုအရှေ့ခြမ်း၊နတ်ကြီးစင်ကျေးရွာ၊မတ္တရာမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးခဲ့ရာ ချမ်းသူအောင်သည် ၂၀၂၄ ခုနှစ်၊ဖေဖေါ်ဝါရီလခန့်တွင် မတ္တရာမှ အကြမ်းဖက် PDF ခေါင်းဆောင် ဆရာကျောင်းအဖွဲ့ နှင့် ချိတ်ဆက်မိပြီး အကြမ်းဖက် PDF သင်တန်း အပတ်စဥ်(၆)အား (၁)လတိတိတက်ရောက်ခဲ့ပြီး PDF တပ်ရင်း ၁၂တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊၂၀၂၅ ခုနှစ်၊ဇွန်လခန့်တွင် ထန်းပင်ကုန်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ဇူလှိုင်လခန့်တွင်လည်း စဥ်ကူးမြို့နယ် ဇရပ်ကွင်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊မတ္တရာမြို့နယ်၊မြွေပုံကန်ကျေးရွာအုပ်စုအရှေ့ခြမ်း၊နတ်ကြီးစင်ကျေးရွာတွင် အကြမ်းဖက်ခေါင်းဆောင်များဖြစ်ကြသော မောင်ကျောင်းနှင့်ဆန်းအောင်တို့နှင့်အတူ အင်အား ၂၀/၂၅ဦးခန့် စခန်းချနေထိုင်ကြောင်း သိရသည်။
ဆက်လက်ပြီး ၂၆-၉-၂၀၂၅ ရက်နေ့ ညနေ၅နာရီ အချိန်ခန့်တွင် အကြမ်းဖက် PDF ခေါင်းဆောင် မောင်ကျောင်းအား ချောင်းရိုက်ပြီး ညတွင်းချင်း စက်လှေခိုးစီးကာ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့ နယ်၌ တစ်ညအိပ်ကာ ဆီပေပါများတင်ဆောင်လာသော DYNA ကားစီး၍ မန္တလေးသို့ ၂၈-၉-၂၀၂၅ ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင်ရောက်ရှိခဲ့ပြီး ယခုလို ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။