ပျဉ်းမနားတွင် မြရေကန်အတွင်း ရေဆင်းကူးရာမှ ရေနှစ်မှု ဖြစ်ပွား

(မှုခင်း) အောက်တိုဘာ ၃

ပျဉ်းမနားမြို့နယ်၊ ရာဇာဌာနီလမ်း၊ နှင်းဆီးပန်းဝိုင်းဘေးရှိ မြရေကန်အတွင်း လူတစ်ဦး ခုန်ချပြီး ကို့ကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာနေ ဦးဇွဲထက်ဦး (ဘ) ဦးဆယ်မောင် (၃၃)နှစ်သည် အရက်မှုလွန်က မြရေကန်အတွက် ရေဆင်းကူးရာ ရေနှစ်သေဆုံးခဲ့ကြောင်းသိရသည်။

ဦးဇွဲထက်ဦးသည် ဒီကနေ့ မနက် ၁၀နာရီအချိန်ခန့်က သူငယ်ချင်းများနဲ့အရက်သောက်ပြီး မြရေကန်အတွင်း ရေဆင်းကူရာမှ ရေနှစ်နေသဖြင့် အနီးရှိလူများက ကယ်တင်ပေးခဲ့ပြီး ညနေ ၄နာရီအချိန်တွင် ထပ်မံရေဆင်းကူးရာ ရေနှစ်သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဦးဇွဲထက်ဦးရဲ့ရုပ်အလောင်းကို ပျဉ်းမနားမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ရေးအသင်းတို့မှ ရှာဖွေခဲ့ရာ ၅နာရီ ၅၅ မိနစ်တွင် ကန်အတွင်းတွေ့ရှိခဲ့ပြီး မိုးစေတနာ လူမှု ကူညီရေးအသင်းယာဥ်ဖြင့် ပျဉ်းမနား ကုတင် ၂၀၀ ဆံ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

#PAN