နတ်မောက်မြို့နယ်၌ အကြမ်းဖက် PDF အဖွဲ့ က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


(မှုခင်း) အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် စက်တင်ဘာ ၃၀ ရက် ညနေ ၅ နာရီအချိန်ခန့်က အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့ ဝင်များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာနေ ကိုနေလင်းအောင်၊ ၂၄ နှစ်သည် ကျေးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာ ၎င်းပိုင်လယ်ကွက်အနီးရှိ ရေကန်၌ ရေချိုးနေစဉ် အကြမ်းဖက် PDF အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ကိုနေလင်းအောင်တွင် ဝမ်းဗိုက်ဝဲဘက် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

PAN