စက်တင်ဘာလအတွင်းက ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘာပေ

(အားကစား) အောက်တိုဘာ ၂

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။

ဘာပေ ဟာ စက်တင်ဘာလမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ကစားခဲ့ရပြီး နှစ်ပွဲစလုံးမှာ တစ်ဂိုးစီ သွင်းယူနိုင်ခဲ့သလို၊ ရီးရဲလ်အသင်းအတွက် ကစားခဲ့တဲ့ပြိုင်ပွဲစုံ ၆ ပွဲမှာ ပွဲတိုင်းဂိုးသွင်းနိုင်ပြီး စုစုပေါင်း ၉ ဂိုး ရှိခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကိုင်ရတ် နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်သွင်းဂိုး ၆၀ ရှိသွားခဲ့ပြီး ရီးရဲလ်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုထက် ချန်ပီယံလိဂ်ဂိုး(၆၀) အမြန်ဆုံးပြည့်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စီရော်နယ်လ်ဒိုက ချန်ပီယံလိဂ်ဂိုး ၆၀ ပြည့်ဖို့ ၉၈ ပွဲ ကစားခဲ့ရတာဖြစ်ပြီး ဘာပေ က ၈၉ ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။

#PAN