(ပြည်တွင်း) အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအုပ်စု၊ အရှေ့အုန်းနှဲကျေးရွာ၊ (၈)ထပ်ရေတံခွန်တောင်မှ လူပြုတ်ကျမှုဖြစ်စဉ်တွင် ပျောက်ဆုံးကျန်ရှိသူ(၁)ဦးအား ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ပြန်လည်တွေ့ရှိရကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်နေ့က ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ ကျေးရွာရှိ (၃)ထပ်ရေတံခွန်သို့ ပြုတ်ကျခဲ့သည့် ကျန်ရှိနေသော အမျိုးသမီးအား ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း မစန္ဒာရွှေအား မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် သေဆုံးလျက် (၃)ထပ်ရေတံခွန်အောက်မှ ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ၈ ထပ်ရေတံခွန်မှ ပြုတ်ကျခဲ့သည် လူ ၅ ဦးတွင် ယင်းနေ့တွင် ရုရှားနိုင်ငံသားတစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသမီး နှစ်ဦးအား သေဆုံးလျက်လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက်နေ့တွင် အမေရိကန်နိုင်ငံသူအား သေဆုံးလျက်ဖြင့်လည်းကောင်း၊ ယနေ့တွင်ကျန်ရှိနေသည့်အမျိုးသမီးအား သေဆုံးလျက်လည်းကောင်း၊ ပြန်လည်တွေ့ရှိကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီးရုပ်အလောင်းအား ပြင်ဦးလွင်မြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။