
(ပြည်တွင်း) အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်ဟာ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
ဦးမောင်မြင့်ဟာ သူ့ရဲ့မဲဆန္ဒနယ်ဟောင်းဖြစ်တဲ့ မင်းကင်းမြို့နယ်ကနေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကိုရွေးချယ်ရတာဟာ သူ့ကြောင့် မင်းကင်းကမဲဆန္ဒရှင်တွေ မထိခိုက် မနစ်နာစေချင်တာကြောင့်လို့ သူကပြောပါတယ်။
“၂၀၂၅ ရွေးကောက်ပွဲတွေမှာ မင်းကင်းမဲဆန္ဒနယ် မပါပါဘူး မင်းကင်းကဝင်ပြိုင်မယ်ဆိုပြီး မင်းကင်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ supride ယူပြီးသွားရင်တော့ ရုတ်တရက်တော့ မင်းကင်းကို ရောက်သွားမှာပေါ့ ဒါပေမယ့် မဲဆွယ်စည်းရုံးရေးတွေလုပ်လို့ အဲ့ဒီမှာ ကျွန်တော့ကိုဝန်းရံတဲ့လူတွေကိုပဲဖြစ်ဖြစ် ကျွန်တော်ပဲဖြစ်ဖြစ် ထိခိုက်နစ်နာခံရမယ့်သဘောရှိတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ဦးမောင်မြင့် တည်းခိုခဲ့တဲ့နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို PDF တွေက ဒုက္ခပေးခဲ့သလို အဲဒီဘုန်းကြီးကျောင်းတွေက ဆရာတော်တွေကို လည်း PDF တွေက သတ်ဖြတ်ခဲ့ပကြတယ်လို့လည်း ဦးမောင်မြင့်က ပြောပါတယ်။
“အိမ်တွေဆို မီးရှို့ခံရတာရှိတယ် လူတွေကလည်း စဉ့်ကလျားထွက်ပြေးနေရတယ်။ အဲ့ဒါတွေက ဘယ်သူ့ကြောင့်ဖြစ်ခဲ့တာလည်းဆိုတော့ ကျွန်တော့ကြောင့်ဖြစ်တာပေါ့။ အခု သွားပြိုင်ရင် ထပ်ဖြစ်အုံးမှာဖြစ်လို့ သူတို့ကို စာနာပြီး သွားမပြိုင်ဘူး နောက်တစ်ခုက ဘာလဲဆိုတော့ ရွေးကောက်ပွဲမှာ တစ်ခြားလူတွေပြိုင်တာနဲ့ ကျွန်တော်ပြိုင်တာနဲ့မတူဘူး။ ကျွန်တော်ပြိုင်ရင် သူတို့အတွက်ရှုံ့းဖို့အခြေအနေအများဆုံးရှိသွားမှာဆိုတော့ ကျွန်တော်ကိုပဲ သူတို့က လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားမှာပဲ။ ကျွန်တော်ပဲဖြစ်ချင်မှဖြစ်မှာပေါ့ တခြားလူလည်း တိုက်ခိုက်မှာပေါ့ ဒါတွေအားလုံးက ကိုယ့်ရဲ့ပရောဂကြောင့်ဖြစ်တယ်လို့ ယူဆရင် ကျွန်တော်လည်း တသက်လုံးစိတ်ကောင်းနိုင်စရာမရှိဘူး။ ဒါကြောင် အခုနေရာဟာ ပိုမိုလုံခြုံအေးချမ်းမယ်လို့ ယူဆလို့ ဒီနေရာကိုရွေးချယ်တာဖြစ်တယ်လို့ ဦးမောင်မြင့်က မင်းကင်းပြည်သူတွေကို သူ့ရဲ့လူမှုကွန်ယက်ကတဆင့် ပြောဆိုလိုက်တာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးဖြစ်သလို ပါတီရဲ့အလုပ်သမားရေးရာတာဝန်ခံတစ်လည်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး လွှတ်တော်အတွင်း ဥပဒေကြမ်းကော်မတီရဲ့ရေးဆွဲတဲ့ ဥပဒေတွေအပေါ် အပြုသဘောဆောင် တည့်မတ်ထိန်းကြောင်းပေးတာတွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး ပြည်ထောင်စုအစိုးရအဖွဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ထိန်းကြောင်းတာတွေ၊ မြေယာပိုင်ဆိုင်မှုကိစ္စတွေမှာ ပြည်သူတွေဖက်က ရပ်တည်ဆွေးနွေးခဲ့တာတွေအပြင်၊ နိုင်ငံခြားသားမွေးစားခွင့်လို့ လူသိများကြတဲ့ ICCPR ကိစ္စ၊ ရိုဟင်ဂျာကိစ္စ၊ ကျောင်းကောင်စီအသင်းမှာ ဗိုလ်ချုပ်အောင်ဆန်းအသင်းထည့်သွင်းတဲ့ကိစ္စ၊ တောင်သူတွေအတွက်ကောင်းကျိုးပြုမယ့် အဆိုတွေ၊ ကိုယ်တိုင်တည်ဆောင်ပေးခဲ့တဲ့ လမ်းတံတားတွေကို အစိုးရကလွှဲပြောင်းရယူပေးဖို့ရှိမရှိနဲ့ နာမည်ကျော် သံလွင်တံ့တားကို (ဗိုလ်ချုပ်အောင်ဆန်းတံတား)ဆိုပြီးနာမည်ပြောင်းလဲမှုအပေါ် ကန့်ကွက်တဲ့ဆွေးနွေးချက်တွေနဲ့ လွှတ်တော်အတွင်း နာမည်ကျော်ကြားခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။