(ပြည်တွင်း) အောက်တိုဘာ ၁

အတည်ပြုချက်မရသေးတဲ့ ဘဏ္ဍာငွေလျာထားမှု ကြားကာလအတွင်းမှာ ပုံမှန်လုပ်ဆောင်နေတဲ့ လုပ်ငန်းကိစ္စတွေအပြည့်အဝ မဆောင်ရွက်နိုင်သေးတဲ့အတွက် မိမိတို့သံရုံးရဲ့ Facebook အသုံးပြုမှုကို ရပ်နားထားမှာဖြစ်တယ်လို့ သိရပါတယ်။
ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ် သတင်းအချက်အလက်တွေကလွဲလို့ မိမိတို့သံရုံးရဲ့ Facebook Page မှာ ပို့စ်အသစ်တွေ ထပ်တင်မှာ မဟုတ်ဘူးလို့ အမေရိကန်သံရုံးက ဒီကနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ယခုအချိန်တွင် ဘဏ္ဍာအတည်ပြုချက်မရသေးတဲ့ ကြားကာလအတွင်း အမေရိကန်နိုင်ငံနဲ့ ပြည်ပက မိမိတို့ရဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ ရက်ချိန်းယူထားတဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာ ဝန်ဆောင်မှုတွေကိုတော့ အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိမိတို့သံရုံရဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေဆိုင်ရာ အချက်အလက်တွေအတွက် travel.state.gov မှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လည်း အသိပေးထားပါတယ်။