ပရီးမီးယားလိဂ် ချန်ပီယံရေပန်းစားမှုမှာ ထိပ်ဆုံးနေရာ ရောက်ရှိလာတဲ့ အာဆင်နယ်အသင်း

(အားကစား) အောက်တိုဘာ ၁

၂၀၂၅-၂၆ ပရီးမီးယားလိဂ်ဘောလုံးရာသီ ချန်ပီယံရေပန်းစားမှုမှာ အာဆင်နယ်အသင်းက နယူးကာဆယ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၆) မတိုင်ခင် ဇယားထိပ်ဆုံးမှာရှိနေတဲ့ လီဗာပူးလ်အသင်း ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ရပြီးနောက် အဆင့်တစ်နေရာကို တက်လှမ်းနိုင်ခဲ့တာကြောင့် ချန်ပီယံရေပန်စားမှုအနေနဲ့ အာဆင်နယ်အသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။

ချန်ပီယံရေပန်းစားမှုူမှာ လီဗာပူးလ်အသင်းက ဒုတိယနေရာသို့ ကျဆင်းသွားပြီး မန်စီးတီးအသင်းကတော့ တတိယနေရာမှာ ရှိနေပါတယ်။

ပရီးမီးယားလိဂ်ရာသီမစတင်ခင် ချန်ပီယံအလေးပေးချက်မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့က ဒုတိယ၊ တတိယနေရာများမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

#PAN