နိုင်ငံတကာအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကို ဝိုင်းဝန်းကန့်ကွက်ပေးကြဖို့ တရားမဝင်ပြည်ပြေးအဖွဲ့ရဲ့ သံအမတ်ကြီးဆိုသူ ပူဆာ


(ပြည်တွင်း) အောက်တိုဘာ ၁

နိုင်ငံတကာအသိုင်းအဝန်းတွေအနေနဲ့ တပ်မတော်အစိုးရက မကြာမီကျင်းပဖို့ စီစဉ်လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲကို ဝိုင်းဝန်းကန့်ကွက်ပေးကြဖို့ တရားမဝင်ပြည်ပြေးအဖွဲ့ရဲ့ သံအမတ်ကြီးဆိုသူ ဦးကျော်မိုးထွန်းက ပူဆာလိုက်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံက ဘင်္ဂါလီတွေရဲ့ အခြေအနေဆိုင်ရာ အဆင့်မြင့် Conference မှာ ဦးကျော်မိုးထွန်းက အခုလို အသနားခံ ပူဆာလိုက်တာ ဖြစ်ပါတယ်။

တရားဝင်ဖွဲ့ထားတဲ့ အဖွဲ့အစည်းမဟုတ်တဲ့ ပြည်ပြေး NUG အဖွဲ့က လိမ်လည်ခန့်အပ်ထားတဲ့ အလိမ်အညာသံအမတ်ကြီးက မြန်မာနိုင်ငံမှာ ကျင်းပမယ့် လာမယ့်ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ၊ အလိမ်အညာ ရွေးကောက်ပွဲဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

ဒါကြောင့် ဒီလိုအလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြင်းပြင်းထန်ထန် ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ပေးကြဖို့ အနူးအညွတ်နဲ့ အသနားခံတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ကို နိုင်ငံရေး၊ စစ်ရေးနဲ့ ငွေကြေးအရ ထောက်ခံမှုတွေ မပေးကြဖို့လည်း နားပူနားဆာလုပ် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

PAN