TNLA ကျောက်မဲကမပြေးခင် ကြံ့ခိုင်ရေးရုံးနဲ့ ဌာနဆိုင်ရာရုံးတွေကို မီးရှို့နေ

(ပြည်တွင်း) စက်တင်ဘာ ၃၀

စစ်ရှုံးတာကြောင့် ရက်ပိုင်းအတွင်းလက်လွှတ်ရတော့မယ့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ကြံ့ခိုင်ရေးပါတီခရိုင်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေကို တအောင်းအကြမ်းဖက်လက်နက်ကို​င်​တွေက မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျောက်မဲမြို့အတွင်းက ခရိုင်ထွေအုပ်၊ မြို့နယ်ထွေအုပ်၊ မြို့တော်ခန်းမကြီး၊ သစ်တော၊ မီးသတ်၊ လဝက၊ တရားရုံး၊ ဆောက်လုပ်ရေး၊ စက်မှုလယ်ယာရုံးနဲ့ ရဲစခန်းတွေကို ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က စတင်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ ကျောက်မဲမြို့အစပ်ကိုရောက်ရှိနေပြီး မကြာခင်မြို့ထဲကိုဝင်ရောက်တော့မှာဖြစ်လို့ TNLA က မြို့ကမထွက်ခင် မြို့ကိုမီးတင်ရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

“မီးသတ်ကိုအရင်ရှို့တာ မီးသတ်ကားတွေက သူတို့လက်ထဲမှာလေ ပြီးတော့မှ ဌာနဆိုင်ရာရုံးတွေနဲ့ ကြံ့ခိုင်ရေးရုံးကိုမီးရှို့သွားတာ မြို့ထဲကဒေသခံတစ်ချို့ကတော့ တောင်ပြေးမြောက်ပြေးပေါ့။ ဘယ်ပြေးရမှန်းမသိလို့ပုန်းနေတဲ့သူလည်းရှိတယ်” လို့ ဒေသခံသတင်းအရင်းအမြစ်ကပြောပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ နောင်ချိုကိုသိမ်းပိုက်ပြီးနောက် ဩဂုတ်လ တတိယအပတ်ခန့်ကစတင်ကာ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး TNLA စခန်းတွေကို သိမ်းပိုက်ကာ ဒီနေ့မှာတော့ ကျောက်မဲမြို့အစပ်အထိရောက်ရှိခဲ့တာဖြသ်တယ်လို့ သိရပါတယ်။

#PAN