ဝန်ထမ်းနဲ့အငြိမ်းစားတွေအတွက် အပိုထောက်ပံ့ကြေးအစိုးရ ထပ်တိုးပေး

(ပြည်တွင်း) စက်တင်ဘာ ၃၀

နိုင်ငံ့ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေ အတွက် အပိုထောက်ပံ့ကြေး ထပ်မံ​ပေးဆောင်မယ်လို့ အစိုးရက ကြေညာပါတယ်။

စက်တင်ဘာလ ၃၀ ရက် ဒီနေ့ရက်စွဲနဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၁၁၀/၂၀၂၅ နဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။

တပ်မတော်သားများ​နဲ့ နိုင်ငံ့ဝန်ထမ်းတွေအတွက် အပိုထောက်ပံ့ကြေးအဖြစ် လက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ကြေး ကျပ် ၆ သောင်း အပြင် ကျပ် ၃ သောင်းကို အပိုထောက်ပံ့ကြေးအဖြစ်လစဥ် ခံစားခွင့်ပြုလိုက်တာဖြစ်ပါတယ်။

နေစားဝန်ထမ်းများနဲ့ နေ့သားအလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးအဖြစ် လက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ကြေး ကျပ် ၂၀၀၀ အပြင် ကျပ် ၁၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ်လစဥ် ခံသားခွင့်ပြုမှာဖြစ်တဲ့အတွက် နေစားအလုပ်သမားတွေကို နေစဥ်လုပ်ခ ကျပ် ၇၈၀၀ ကိုခွင့်ပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အငြိမ်းစားဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအဖြစ် လက်ရှိထောက်ပံ့နေတဲ့အပိုထောက်ပံ့ကြေး ကျပ် ၃ သောင်း အပြင် ကျပ် ၃ သောင်း ကို အပိုထောက်ပံ့ကြေးအဖြစ်လစဥ် ခံစားခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုထပ်တိုးခံစားပြုတဲ့အမိန့်ဟာ အောက်တိုဘာ ၁ ရက်ကနေ စတင်ကာ အတည်ဖြစ်တယ်လို့ ကြေညာထားပါတယ်။

#PAN