
(အားကစား) စက်တင်ဘာ ၃၀
၂၀၂၆ ဇန်နဝါရီလမှာ ကျင်းပမယ့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ ရီးရဲလ်နဲ့ အက်သလက်တီကိုတို့ရဲ့ မက်ဒရစ်ဒါဘီကို ထပ်မံမြင်တွေ့ရမယ်လို့ သိရပါတယ်။
စပိန်စူပါဖလားပြိုင်ပွဲကို ၂၀၂၀ ခုနှစ်ကစပြီး အသင်း ၄ သင်းပါဝင်တဲ့ ပုံစံနဲ့ ပြောင်းလဲကျင်းပခဲ့ပြီး ရာသီဝက် ဝန်းကျင်ဖြစ်တဲ့ ဇန်နဝါရီလမှာ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ပုံစံသစ်နဲ့ ကျင်းပခဲ့တဲ့ ပြိုင်ပွဲ ၆ ကြိမ်အနက်ရှေ့က ၅ ကြိမ်ကို ဆော်ဒီနိုင်ငံမှာ ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်အတွက် ပြိုင်ပွဲကိုလည်း ဆော်ဒီနိုင်ငံက ဂျက်ဒက်မြို့မှာ ကျင်းပမယ်လို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားနှင့် စပိန်ဘုရင့်ဖလားမှာ ဘာစီလိုနာအသင်းက ဗိုလ်စွဲခဲ့ပြီး ရီးရဲလ်က ဒုတိယ နေရာရခဲ့တာကြောင့် လာမယ့်စပိန်စူပါဖလားမှာ ဒီနှစ်သင်းနဲ့အတူ လာလီဂါမှာ တတိယနဲ့ စတုတ္ထနေရာ ရပ်တည်ခဲ့ကြတဲ့ အက်သလက်တီကိုနဲ့ ဘီလ်ဘာအိုတို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
#PAN