(ပြည်တွင်း) စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၀×၆၀ လမ်းထောင့်၌ ရွေးကောက်ပွဲဆန့်ကျင်သည့် စာရွက်နီများကြဲချသွားကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ ၃၀×၆၀ လမ်းထောင့်တွင် ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က ကျား ၅ ဦး၊ မ ၂ ဦးတို့ ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး စာရွက်အနီ/အနက်ရောင်တို့ပေါ်တွင် “အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”၊ “စာရွက်အဖြူရောင်ပေါ်တွင် သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့”၊ စာရွက်အဖြူနှင့် အနက်ရောင်ပေါ်တွင် “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်”ဟု ရေးသားထားသော စာရွက်မျာအား ကြဲချထွက်ပြေးသွားခဲ့ကြောင်း သိရသည်

ဖြစ်စဥ်ဖြစ်ပွားရာသို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ပြီး ကြဲချထားသည့် စာရွက်များအား သိမ်းဆည်ခဲ့ကြောင်း၊ လှုံ့ဆော်စာများ ကြဲချ သွားသည့် တရားခံများအားဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#PAN