ရာထူးကနေ ထုတ်ပယ်ခံခဲ့ဖို့ ရေပန်းစားနေတဲ့ မန်ယူအသင်းနည်းပြ အာမိုရင်မ်

(အားကစား) စက်တင်ဘာ ၂၉

မန်ယူအသင်းနည်းပြ အာမိုရင်မ် ဟာ ပရီးမီးယားလိဂ်မှာ ရာထူးက နောက်ထပ်ထုတ်ပယ်ခံရမယ့် နည်းပြများထဲမှာ ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံးနဲ့ အမှတ်ပေးဇယားအဆင့်(၁၄)နေရာရောက်ရှိနေပါတယ်။

ဒါ့အပြင် အသင်းနဲ့ ကိုက်ညီခြင်းမရှိတဲ့ ကစားပုံကို ခေါင်းမာစွာနဲ့ ဆက်လက်သုံးစွဲနေတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မန်ယူပရိသတ်အများစု ကလည်း နည်းပြအပြောင်းအလဲလုပ်ဖို့ လိုလားနေကြပါတယ်။

ဒါကြောင့် ဝက်စ်ဟမ်းနည်းပြ ဂရေဟမ်ပေါ်တာ ရာထူးက ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ အာမိုရင်မ် က ပရီးမီးယားလိဂ်ကနေ နောက်ထပ် ထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ရေပန်းအစားဆုံး ဖြစ်လာပါတယ်။

#PAN