နန်နင်းမြို့တွင် ကျင်းပတဲ့ (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဆန်အမျိုးအစား ၂၀ ခန့်ကို ပါဝင်ပြသခဲ့

(ပြည်တွင်း) စက်တင်ဘာ ၂၈

(၂၂)ကြိမ်မြောက် တရုတ် – အာဆီယံ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ဆန်အမျိုးအစား ၂၀ ခန့်ကို ပါဝင်ပြသနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

(၂၂)ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO)တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်အသင်းဝင်ကုမ္ပဏီများ ဖြစ်သည့် SWY Group ၊ GBS Group၊ Wilmar Group၊ Vivo Group နှင့် Benchmark Marine & Agro Export Co.,Ltdတို့မှ ပြခန်းများဖွင့်လှစ်ပြီး ဆန်အမျိုးအစား ၂၀ ခန့်ကို ပါဝင်ပြသခဲ့ခြင်းဖြစ်ပါတယ်။

အသင်းချုပ်တာဝန်ရှိသူများ က ပြပွဲသို့ လာရောက်လေ့လာကြသူများအား မြန်မာ့ဆန်စပါးအမျိုးအစားများ ၏ အရည်အသွေး၊ ဈေးနှုန်း၊ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ နေသည့် ဆန်အမျိုးအစားများနှင့်ဆန်မှတစ်ဆင့် ထုတ်လုပ်သည့် Value Added ထုတ်ကုန်များ စသည်တို့ကို ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရပါတယ်။

#PAN