(ပြည်တွင်း) စက်တင်ဘာ ၂၈

သက်တမ်းတိုးဆောင်ရွက်မည့် ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင်များကို စက်တင်ဘာလ ၂၉ ရက်မှစ၍ Online Booking ရယူရန်မလိုဘဲ သက်တမ်းတိုး ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဒါ့ကြောင့် သက်တမ်းတိုးယာဉ်များအနေဖြင့် ရုံးဝန်းအတွင်းသို့ စက်တင်ဘာ လ ၂၉ ရက်မှစ၍ ၃ နာရီအတွင်း ရောက်ရှိမည့်ယာဉ်များကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ယာဉ်မှန် ၊ မမှန်စစ်ဆေးခြင်းနှင့် ပြောင်းလဲခြင်းယာဉ်များကို Online Booking စနစ် ရယူနိုင်ခြင်း မရှိသည့်ကာလအတွင်း ယာဉ်မှတ်ပုံတင်ထားသူ၏ မှတ်ပုံတင်အပါအဝင် ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) မူရင်း အား ခရိုင်ဦးစီးမှူးထံတင်ပြ၍ ကြိုတင်ရက်ချိန်း ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
#PAN