(ပြည်တွက်း) စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ ဥပုသ်တော်ရပ်ကွက်၊ နန်းမြို့ရိုးအတွင်းလမ်း၊ ၆၆×၁၉ လမ်းထိပ်စုရပ်၌ ယနေ့နံနက် ၅ နာရီခွဲအချိန်က လူငယ်ရေးရာ နှင့် အားကစားဝန်ကြီးဌာန MY Bharat နှင့်မန္တလေးမြို့ရှိ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်တို့ ကြီးမှုးကျင်းပသော ၅ ကီလိုမီတာမာရသွန် “Vikst Bharat Run 2025 ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းနားသို့ မန္တလေးတိုင်းဒသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးနေလင်းစိုး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှုး ဦးဝေဇင်ထွန်း၊ အိန္ဒိယကောင်စစ်ဝန်ချုပ် Sundee p Kaushal၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှုး ဒေါက်တာအောင်ဆွေနှင့် ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မာရသွန်ပြိုင်ပွဲတွင်ပါဝင်ယှဥ်ပြိုင်မည့် အိန္ဒိယကောင်စစ်ဝန်ရုံးမှ သင်တန်းသားများ၊ အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့နေထိုင်သူများ၊ မန္တလေးမြို့ရှိ တက္ကသိုလ် များ၊ အခြေခံကျောင်းအသီးသီးမှ ကျောင်းသား/သူများ၊ စုစုပေါင်း ၁၀၀၀ ဦးခန့်တို့ ရောက်ရှိခဲ့ကြပြီး စုပေါင်းကိုယ်လက်ကြံခိုင်ရေး ယောဂလေ့ကျင်ခန်းများ ပြုလုပ်ခဲ့ကြကြေင်း သိရသည်။

၎င်းနောက် ကောင်စစ်ဝန်ချုပ် Sundeep Kaushal မှ အမှာစကားပြောကြားခဲ့ပြီး နံနက် ၆ နာရီအချိန်တွင် စတင်တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကျုံးအတွင်းဘက် ၆၆ လမ်းအတိုင်း မြောက်ဘက် ၁၂ လမ်းထိလည်းကောင်း၊ ကျုံးအတွင်း ၁၂ လမ်းမှ အနောက်ဘက်လမ်း ၈၀ ထိလည်းကောင်း၊ ကျုံးအတွင်း လမ်း ၈၀ မှတောင်ဘက်ကျုံးအတွင်းလမ်း ၂၆ လမ်းသို့အသီးသီးရောက်ရှိ ပန်းဝင်ခဲ့ကြကြေင်း သိရသည်။

၎င်းနောက် အိန္ဒိယကောင် စစ်ဝန်ချုပ် Sundee p Kaushalမှ ၅ ကီလို မီတာမာရသွန်ပြိုင်ပွဲတွင် ဦးစွာပန်းဝင်သူ ၃ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ပြိုင်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

#PAN