(မိုး/ဇလ) စက်တင်ဘာ ၂၈

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတိုင်းတာချက်များအရ တိုင်းတာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ နှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရပါတယ်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် မြင့်တက် လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ဒါ့အပြင် မဒေါက်မြို့တွင်လည်း စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၂ လက်မခန့် မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။
ဒါ့ကြောင့် တောင်ငူမြို့နယ် နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန်လည်း မိုးဇလ က သ တိပေးနှိုးဆော်ထားပါတယ်။
#PAN