
(အားကစား) စက်တင်ဘာ ၂၃
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်(MLF) နဲ့ BKFC တို့ပူးပေါင်းကျင်းပမယ့် BKFC LETHWEI ပြိုင်ပွဲများ အတွက် အလုပ်ရုံဆွေးနွေးပွဲ(Seminar) ပြုလုပ်မယ်လို့ သိရပါတယ်။
BKFC LETHWEI ပြိုင်ပွဲများအတွက် အလုပ်ရုံဆွေးနွေးပွဲ(Seminar)ကို စက်တင်ဘာလ ၂၅ ရက်မှာ ရန်ကုန်မြို့ SKY Star Hotel ရှိ ပတ္တမြားခန်းမတွင် ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
BKFC LETHWEI ပြိုင်ပွဲများ အတွက် အလုပ်ရုံဆွေးနွေးပွဲ (Seminar) ကို မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ဆပ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ခုံဒိုင်ချုပ်များ၊ ကလပ်အသင်းပိုင်ရှင်များ၊ နည်းပြများ၊ ပွဲစီစဉ်သူများ၊ ရိုးရာလက်ဝှေ့သမားဟောင်းကြီး များ၊ ကျွမ်းကျင်ပညာရှင်များ၊ တရားဝင်မီဒီယာများနဲ့ ရိုးရာလက်ဝှေ့အားကစား ကလောင်ရှင်များ တက်ရောက် ကြမှာဖြစ်ကြောင်း သိရပါတယ်။
#PAN