(ပြည်တွင်း) စက်တင်ဘာ ၂၃
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်နေ့ကနေ စတင်ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၉၆၃ ကျော်စာရင်းတင်သွင်းတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ
ကိုယ်စားလှယ်လောင်းတွေဟာ စက်တင်ဘာ ၈ ရက်ကနေ ၂၂ ရက်နေ့အထိ အမည်စာရင်းတင်သွင်းခဲ့ကြပြီးဖြစ်တယ်လို့သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ် နိုင်ငံရေးပါတီ ၆ ပါတီရှိပြီး တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီ ၅၁ ပါတီနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်
ကိုယ်စားလှယ်လောင်းတွေရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခဲ့ကြတဲ့နိုင်ငံရေးပါတီတွေအနက်ည
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်
၂၆၅ ဦး၊ အမျိုးသားလွှတ်တော်
၁၅၆ ဦး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်အတွက် ၅၆၉ ဦး၊ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အတွက် ၂၈ ဦး စုစုပေါင်း ၁၀၁၈ ဦးနဲ့ အများဆုံးတင်သွင်းထားတာတွေ့ရပါတယ်။
တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေးပါတီကတော့
၆၉၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီက
၆၇၂ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား
ဖွံ့ဖြိုးတိုးတက်ရေးပါတီက
၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ၅၈၄ ဦး၊ ပြည်သူ့ပါတီက
၅၁၂ ဦးတင်သွင်းခဲ့ကြတယ်လို့ သိရပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်းစည်းရုံးမယ့် နိုင်ငံရေးပါတီ
၅၁ ပါတီရှိပြီး ကိုယ်စားလှယ်လောင်း
၉၆ဝ ဦး၊ တစ်သီးပုဂ္ဂလ ၉၅ ဦးတို့လည်း လွှတ်တော်အသီးသီးမှာ ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေမှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၁၃၃၀ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွေမှာ ၈၃၂ ဦး၊ တိုက်းဒေသကြီးနဲ့ပြည်နယ်လွှတ်တေယ်မဲဆန္ဒနယ်တွေမှာ ၂၆၉၆ ဦး၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွေမှာ
၁ဝ၅ ဦးနဲ့ စုစုပေါင်း ၄၉၆၃ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
#PAN