
(အားကစား) စက်တင်ဘာ ၂၃
ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ဆွီဒင်ဖိုက်တာ ဇီဘာတီရန်ကိတ်စတမ်နဲ့ ထိုးသတ်ရမယ့်ပွဲဟာ သူ့ရဲ့ဖိုက်တာဘ၀ နောက်ဆုံးပွဲဖြစ်တာကြောင့် အမှတ်တရကောင်းများစွာ ချန်ထားခဲ့ လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ အောက်တိုဘာလ ၄ ရက်မှာ ကျင်းပမယ့် ONE Fight Night 36 ပြိုင်ပွဲမှာ ဆွီဒင်ဖိုက်တာ ဇီဘာတီရန်ကိတ်စတမ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။
အခုပွဲဟာ အောင်လအန်ဆန် အတွက် ကစားသမားဘဝနောက်ဆုံးပွဲအဖြစ် ထိုးသတ်မယ့်ပွဲဖြစ်လာမယ်လို့ ၎င်းကိုယ်တိုင်က ဝန်ခံပြောကြားထားပါတယ်။ ONE Fight Night 36 ပြိုင်ပွဲကို လာမယ့်အောက်တိုဘာ ၄ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
#PAN