စစ်ကိုင်းတိုင်းဒေသကြီးမှ အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်

(ပြည်တွင်း) စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးမှ အငြိမ်းစားဝန်ထမ်း ၁,၃၀၀ ကျော်ကို စက်တင်ဘာလ ၂၂ ရက်နံနက်ပိုင်းက မုံရွာမြို့ရှိ ချင်းတွင်းခန်းမမှာ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ပြီး အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်း ၁,၃၀၀ ဦးကျော်ကို ကြက်ဥများ လက်ရောက်ထောက်ပံ့ပေးခဲ့ကြပြီး တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှလည်း အငြိမ်းစား ဝန်ထမ်းများကို ဆီးချို/ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာ/အကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုး ရင်ကြပ်ရောဂါများ စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြပါတယ်။

ဒါ့အပြင်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြပါတယ်။