(မှုခင်း) စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့၌ စက်တင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်စဉ် စီကောက်ကျေးရွာအရောက်၌ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာနေ နေသူဝင်း(ခ)သိုက်ထွန်း၊ ၄၁ နှစ်အား မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ ၎င်းထံမှ အရိုး/အသွား ၈ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအားလည်းကောင်းကြောင်း သိရသည်။
အလားတူ ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက် နေစဉ် သပြေကုန်းကျေးရွာအရောက်၌ အဆိုပါကျေးရွာနေ ရဲထွန်း၊ ၃၇ နှစ်အား မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးခဲ့ရာ ၎င်းထံမှ အရိုး/အသွား ၁၆ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နေသူဝင်း(ခ)သိုက်ထွန်းပါ နှစ်ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#PAN