ဒုတိယအကြိမ်မြောက် ဗီယက်နမ်-မြန်မာကုန်စည်ပြပွဲ ကျင်းပမည်

(ပြည်တွင်း) စက်တင်ဘာ ၂၁

Vietnam-Myanmar Trade Fair 2025 ကို လာမည့် အောက်တိုဘာအတွင်း ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားပြီး ကုန်စည်ပြပွဲကို အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းသွားမှာဖြစ်ပြီး ပါဝင်ပြသမည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ပံ့ပိုး ပေးကာ နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာ ကုန်စည်ပြပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းတို့ ပူးပေါင်းကာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြပွဲသို့ လာရောက်သူများအတွက် ဗီယက်နမ်-မြန်မာ အစားအသောက်များကို ကျွေးမွေးဧည့်ခံမှုများ၊ ဗီယက်နမ်ရိုးရာဝတ်စုံများဖြင့် အလှဓာတ်ပုံရိုက်ကူးနိုင်မည့် အစီအစဉ်များ၊ ဂိမ်းအစီအစဉ်များလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် 72 Sqm ကျယ်ဝန်းတဲ့ Travel Vietnam Pavilion ကိုလည်း ထပ်တိုးထည့်သွင်း ထားပြီး အဆိုပါ Travel Vietnam Pavilion မှာ Travel Agency ၁၀ ခုစာအတွက် ကောင်တာ ၁၀ ခု ပါဝင်မှာဖြစ်ပါတယ်။

ဗီယက်နမ်-မြန်မာ ကုန်စည်ပြပွဲက မိမိတို့ရဲ့ ခရီးသွားလုပ်ငန်းများကို တိုက်ရိုက်တွေ့ဆုံ ရောင်းချနိုင်မည့် အပြင် ဗီယက်နမ် Travel Agent များနဲ့လည်း ချိတ်ဆက်နိုင်မယ့် အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

#PAN