(ပြည်တွင်း) စက်တင်ဘာ ၂၁
တောင်သူလယ်သမားတွေအကြွေးမြှီ သံသရာက လွှတ်မြောက်ရေးအစီအစဥ်နဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီက ၅၀ကြိမ်ထက်မနည်း ပြောဆိုထားတာဖြစ်တယ်လို့ သိရတယ်။

ဒီအစီအစဥ်က ပြည်ခိုင်ဖြိုးပါတိရဲ့မူဒလို့ပြောရမှာဖြစ်သလို အစိုးရရော အတိုက်အခံပါဖြစ်ခဲ့ဖူးတဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တကယ်ပဲတောင်သူလယ်သမားတွေအတွက် စိတ်အေးရမယ့်အနေအထားကို ဖောဖော်ပေးနိုင်မယ်ဆိုရင် ကြိုဆိုတယ်လို့ တောင်သူတွေကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီအတိုက်အခံကာလဖြစ်တဲ့ ၂၀၁၅ နဲ့၂၀၂၀ ကာလတွေအတွင်း ၂၀၂၀ ရွေးကောက်ပွဲနိုင်ပါက တောင်သူလယ်သမားရေးရာဝန်ကြီးဌာနကိုဖွဲ့စည်းပေးမယ်လို့ ကြေညာထားပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေရုံးမှာ ဦးခင်ရီနဲ့ တောင်သူလယ်သမား ၁၀၀၀ နီးပါနဲ့တို့ တွေဆုံခဲ့ရာမှာ တောင်သူလယ်သမားတွေနဲ့ပတ်သက်ပြီး ဦးခင်ရီက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဦးခင်ရီရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ယက်မှာထုတ်ပြန်ချက်အရ “တောင်သူလယ်သမားတွေရဲ့ဘဝ ကို ကျွန်တော်စာနာတယ်။ ခင်ဗျားတို့ဘဝတိုးတက်စေဖို့ကျွန်တော်အလေးထားတယ်။ ဒီနိုင်ငံဟာ တောင်သူလယ်သမားတွေကိုအခြေခံတဲ့နိုင်ငံဖြစ်တယ်။ လက်ရှိအချိန်မှာတောင်သူလယ်သမားတွေအနေနဲ့အခက်အခဲတွေအများကြီးရှိတယ်။တောင်သူလယ်သမားတွေကြွေးမြှီသံသရာရလွတ်မြောက်ရေးအစီအစဥ်တွေကျွန်တော်တို့ပါတီက ရေးစွဲထားတယ်လို့ ပြောဆိုထားတယ်။
ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီမှာ တောင်သူလယ်သမားတွေ ကြွေးမြှီသံသရာကလွတ်မြောက်စေမယ့် အစီအစဥ်တွေရှိပြီးဖြစ်တယ်လို့လည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီရဲ့ပြောဆိုချက်အရ သိရပါတယ်။
#PAN