ဆီဘောက်ဆာယာဉ်မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသဖြင့် အမျိုးသား တစ်ဦး သေဆုံး

(မှုခင်း) စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် စက်တင်ဘာ ၁၉ ရက်နေ့က ဆီဘောက်ဆာယာဉ်မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသဖြင့် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြရည်ပုလဲလမ်းအတိုင်း ရွှေပြည်သာရပ်ကွက်ဘက်သို့ ကော့သောင်းမြို့၊ ယုဇနဆီအုန်းကုမ္ပဏီဝင်းနေ ကျော်နိုင်လင်း၊ ၃၄ နှစ် မောင်းနှင် လာသည့် TNI/4B-XXXX NISSAN PS-6 အဖြူရောင် ဆီဘောက်ဆာယာဉ်သည် မြရည်ပုလဲလမ်း သုခရေခဲစက်အဝင်ဘက်သို့ ရောက်ရှိစဉ် ရွှေပြည်သာရပ်ကွက်မှ မြရည်ပုလဲရပ်ကွက်ဘက်သို့ ရွှေပြည်သာရပ်ကွက်နေ မောင်ပြည့်ဦးပိုင်၊ ၁၈ နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် မောင်ပြည့်ဦးပိုင် တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျော်နိုင်လင်း အား ကော့သောင်းမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

#PAN