
(မှုခင်း) စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက်ရွာ-ကျိုင်းတုံသွားလမ်းမ နောင်ရှန်ကျေးရွာအနီး၌ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမကြောင်း သိရသည်။
ဖြစ်စဉ်တွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက်ရွာ-ကျိုင်းတုံသွားလမ်းမ နောင်ရှန်ကျေးရွာအနီး၌ ကတ်ထိုက်ကျေးရွာနေ ကျထော၊ ၃၈ နှစ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား (တစ်ပြာလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၄ သိန်း)အား ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ ကျထော အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
#PAN